(ရေးသားသူ။ ဖြိုးသက်လှိုင်ဝင်း)
ကမ္ဘာ့ဖလားခြေစစ်ပွဲ နဲ့ ခြေစမ်းပွဲများကစားရန် ပြီးခဲ့တဲ့ ရက်ပိုင်းက
ပဏမလက်ရွေးစင် ၂၆ဦးထုတ်ပြန်လိုက်ပါပြီ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲက
လူစာရင်းမှ ၆ဦးသာ ပြန်လည်ပါဝင်ခဲ့ပြီး ယူ ၂၃နှင့် ယူ ၂၀တို့မှ
ကစားသမားအသစ်များဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ် ။ ယူ၂၀ ကစားသမား ၆ဦးနဲ့ ယူ
၂၃ ကစားသမား ၉ဦးပါဝင်လာခဲ့ပါတယ်။ မင်းမင်းသူ ကျော်ဇေယျဝင်း ၀င်းမင်းထွဋ်
ဗန်လားဟရွယ် စတဲ့ ၀ါရင့်ကစားသမား များနှင့် အတူ အသင်းခေါင်းဆောင်
ခင်မောင်လွင်တို့ ကိုပါ ချန်လှပ်ထားခဲ့ ပြီး ရန်ကုန် နဲ့ ရတနာပုံ ကစားသမား
အများဆုံး ၆ဦးစီ အထိပါဝင်ခဲ့ပါတယ်။ လက်ရှိ လူစာရင်းအရ မြန်မာနည်းပြ
မိုဗစ်ခ်ျ က လူငယ်ခြေတက်တွေ ကို ဦးစားပေးရွေးချယ်ခဲ့တာတွေ့ရပါတယ်။
အသက်၃၀ကျော် ကစားသမား တစ်ဦးမှ မပါခဲ့ပါဘူး။ ဒါပေမဲ့ ပရိတ်သတ် အချို့ကတော့
လက်ရှိလူစာရင်း အပေါ် ဝေဖန်မှုတွေ ရှိခဲ့သလို အချို့ ပရိတ်သတ်တွေကလည်း
လက်ခံကြပါတယ်။ ဘာပဲဖြစ်ဖြစ် အပြောင်းအလဲ တစ်ခုအတွက် လက်ခံရမှာဖြစ်ပါတယ်။
လက်ရှိ မိုဗစ်ခ်ျ ရွေးချယ်ထားတဲ့ လူစာရင်းကို လေ့လာကြည့်မယ်ဆိုရင်......
....ဂိုးသမား.....
ဂိုးသမားနေရာမှာ မိုဗစ်ခ်ျ လေးယောက်အထိ ရွေးချယ်ထားပါတယ်။ ကျော်ဇင်ဖြိုး
ရန်အောင်လင်း မျိုးမင်းလတ် ဇော်ထက်လင်းတို့ ဖြစ်ပါတယ်။ အဲဒီအထဲမှာတော့ sea
game တုံးက လက်စွမ်းပြခဲ့တဲ့ ကျော်ဇင်ဖြိုး ပထမ ဂိုးသမားနေရာ
ရဖို့များပါတယ်။ ဆောက်သမ်း ဂိုးသမား ဇော်ထက်လင်း ကတော့ အပြီးသတ်
လူစာရင်းမှာ ကျန်ခဲ့ဖို့ များပါတယ်။ မိုဗစ်ခ်ျ ဟာ ဂိုးသမားနေရာ ရွေးချယ်တဲ့
နေရာ မှာ ခေါင်းခဲ နေခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲက
အသုံးပြုခဲ့တဲ့ ဗန်လားဟရွယ် ကိုတော့ မရှိသုံး သုံးခဲ့ရပြီး လက်စွမ်းကို
လည်း ကြိုက်ပုံ မရပါဘူး။ ၀ါရင့် ဂိုးသမား သီဟစည်သူကလည်း စည်းကမ်းပိုင်း
အားနည်းမှုကြောင့် ရတာနာပုံမှာတောင် နေရာ ပျောက်နေတာ ကြာပါပြီ။ ဒါကြောင့်
လူငယ်တွေ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ လက်ထောက်နည်းပြ ဦးကြည်လွင် ကလည်း
ကျော်ဇင်ဖြိုး အကြောင်း ကောင်းကောင်းသိတဲ့ သူဖြစ်တာမို့ ဂိုးသမားနေရာ
ရွေးချယ်ခဲ့တာ မှန်တယ်လို့ ယူဆပါတယ်။ သူ့နောက်မှာ အရန်အဖြစ်ရွေးချယ်ထားတဲ့
မျိုးမင်းလတ် ရန်အောင်လင်းတို့ ကလည်း လက်စွမ်း မနိမ့်ပါဘူး။ သက်ဆိုင်ရာ
ကလပ်တွေမှာ လက်စွမ်းပြနေကြသူပါ။
-
.....နောက်တန်း.....
နောက်တန်း မှာတော့ center back အတွက် ဇော်မင်းထွန်း အောင်ဇော် ဇော်လင်း
နဲ့ ရတနာပုံ လူငယ်ကစားသမား ဇော်ရဲထွန်း တို့ကို ရွေးချယ်ထားပါတယ်။
ဇော်မင်းထွန်း နဲ့ အောင်ဇော် အတွဲ ကို မိုဗစ်ခ်ျ အထိုင်ချထားဖို့
များပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတုံးက အသုံးပြုခဲ့တဲ့ ကမ္ဘောဇ
နောက်ခံလူ ၀င်းမင်းထွဋ် ကို ချန်လှပ်ထားခဲ့တာတွေ့ရပါတယ်။ ဇော်လင်း နဲ့
ဇော်ရဲထွန်းကတော့ အရန် အနေ့နဲ့ ရွေးထားတာဖြစ်ပါတယ်။ center back နေရာမှာ
မိုဗစ်ရွေးချယ်ထားတဲ့ လူစာရင်း ကတော့ အနည်းငယ်မေးခွန်းထုတ် စရာပါ။
ဇော်ရဲထွန်းက ရတနာပုံမှာ ပုံမှန်ပွဲထွက်ခွင့် မရဘဲ ဒုတိယအကျော့မှာ တစ်ပွဲသာ
ပွဲထွက်ခွင့် ရသူပါ။ MNL မှာ ရွေးချယ်စရာ နောက်တန်းတွေ အများကြီးရှိပါတယ်။
ယူ၂၀နဲ့ အတူခြေစွမ်းပြပြီး ဧရာဝတီ အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့
ထိုက်ထိုက်အောင်နဲ့ ဇွဲကပင် အသင်းမှာ ခြေစွမ်းပြနေတဲ့ သိန်းဇော်တို့ကို
ချန်လှပ်ထားခဲ့ တာ စိတ်မကောင်းစရာပါ။ သိန်းဇော်ဆိုရင် လက်ရွေးစင် အဆင့်မှာ
ပွဲထွက်ဖူးသူပါ။ ညာနောက်ခံလူနေရာမှာတော့ seagame မှာ ခြေစွမ်းပြခဲ့တဲ့
ကျော်ဇင်လွင် နဲ့ အတူ ဒေဗစ်ထန် ကိုပါ ညာနောက်ခံလူနေရာ အတွက်
ရွေးချယ်ထားပါတယ်။ ညာနောက်ခံလူနေရာ အခက်အခဲ ဖြစ်နေတဲ့ မိုဗစ်ခ်ျ အတွက်
ကျော်ဇင်လွင် ခြေစွမ်းပြနေတာ အားတက်စရာပါ။ အရင်ပွဲတွေက ဒေဗစ်ထန်း ကို
ညာနောက်ခံလူ နေရာမှာ အသုံးပြုနေရတာဖြစ်ပါတယ်။ ဒေဗစ်ထန်း အတွက်တော့ နေရာမှန်
မဟုတ်ပါဘူး။ဒါ့အပြင် အခု ပြိုင်ဘက်တွေက ကိုယ့် အထက် အရပ်အမောင်း
ကြံ့ခိုင်မှု ကောင်းတဲ့ အသင်းတွေ နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့ အတွက်
ဒေဗစ်ထန်း သုံးဖို့ အဆင်မပြေလောက်ပါဘူး။ ကျော်ဇင်လွင် နေရာ ရနိုင်ပါတယ်။
ဘယ်နောက်ခံလူ နေရာမှာတော့ မျိုးဆက်သစ် လူငယ်တွေနဲ့ ပြည့်နေတာ အားရစရာပါ။
နန္ဒကျော် စည်သူအောင် တို့ နှစ်ယောက်စလုံး ဟာ ကလပ်အသင်းမှာရော သက်တမ်းအလိုက်
ပြိုင်ပွဲတွေမှာရော ခြေစွမ်းပြနိုင်ကြသူတွေပါ။ ဘယ်သူပွဲထွက်ထွက်
အဆင်ပြေနိုင်ပါတယ်။ စည်သူအောင် က overlap ကောင်းကောင်း လိုက်နိုင်သလို
နန္ဒကျော် ကလည်း ခံစစ်ကို ကူတဲ့နေရာ ကောင်းပါတယ်။ မိုဗစ်ခ်ျ ရဲ့
နည်းဗျူဟာကို ကြည့်ပြီး မှ ဘယ်သူနေရရမလဲဆိုတာ ခန့်မှန်းနိုင်မှာပါ။ ဘယ်သူ့
သုံးသုံး အဆင်ပြေနိုင်ပါတယ်။
-
...အလယ်တန်း...
ဒီနေရာအတွက် မိုဗစ်ခ်ျ ရွေးချယ်ခဲ့တာမှန်တယ်လို့ ဆိုရမှာ ပါ။
ကွင်းလယ်အဖြတ်နေရာမှာ ကစားအားရော လုပ်အားရော ကြံ့ခိုင်မှု
အကောင်းဆုံးအနေအထားမှာ ရှိတဲ့ ရန်အောင်ကျော်ကို ရွေးချယ်ထားပါတယ်။
အချို့ပရိတ်သတ်တွေကတော့ ရန်အောင်ကျော်ကို ရွေးတာ မနှစ်သက်ပေမဲ့ လက်ရှိ
မြန်မာနိုင်ငံ မှာ သူ့လောက် ကစားအား ကောင်းတဲ့ သူ မတွေ့ရသေးပါဘူး။ ယခု
ရန်ကုန်အသင်းကို ရှုံးပွဲ မရှိ ဇယားထိပ်မှာ ရပ်တည်နိုင်တာ ရန်အောင်ကျော်က
အဓိကဇတ်ဆောင်ဆို တာ ငြင်းမရပါဘူး။ သူ့ရဲ့ အားနည်းချက်က မလိုအပ်ဘဲ foul
ဖြစ်တာ များတယ်။ ဒါ့အပြင် ကျော်မင်းဦးနဲ့ ချစ်စုမိုးတို့ လို လူငယ်တွေပါ
ရွေးချယ်ထားတာဆိုတော့ အရန်အင်အားပါ တောင့်တင်းပါတယ်။ ရတနာပုံနဲ့ seagame
မှာ ခြေစွမ်းပြခဲ့တဲ့ ရဲကိုဦး လိုင်းဘိုဘို တို့ပါ ရွေးချယ်ထားတဲ့ အတွက်
နည်းဗျူဟာ အတိုင်း လိုအပ်သလို သုံးနိုင်ပါတယ်။ အခု ရွေးချယ်ထားတဲ့
ကွင်းလယ်လူ အားလုံး ဟာ သူ့နေရာနဲ့ သူ ခြေစွမ်းပြ ကစားနိုင်ကြသူတွေ
ဖြစ်ပါတယ်။ ညာအစွန်အတွက် ကြည်လင်း ကိုရွေးချယ်ထားသလို ချင်းမှာ ခြေစွမ်းပြ
နေတဲ့ ဆွမ်လန်မန် ကလည်း လိုအပ်ရင် ညာစွန်ထွက်
ကစားနိုင်ပါတယ်။ဘယ်အစွန်အတွက်တော့ အောင်သူ ကိုဘဲ သုံးဖို့များပါတယ်။
အောင်သူကတော့ ယူ၂၀မှာ ရော ရတနာပုံမှာ ပါ ဘယ်အစွန်ထွက် ကစားနေတာကြောင့်
သူအတွက် အခက်အခဲ မရှိပါဘူး။ အရန်အဖြစ် ဧရာဝတီ နဲ့ အတူ ခြေစွမ်းပြနေတဲ့
သီဟဇော်ကို ရွေးချယ်ထားပါတယ်။ seagame မှာ ခြေစွမ်းပြခဲ့တဲ့ ယူ ၂၃
အသင်းခေါင်းဆောင် နေလင်းထွန်းပါ ရွေးချယ်ထားတဲ့ အတွက် အားရစရာပါ။
နေလင်းထွန်း ဟာ အလယ်တန်းမှာ နေရာစုံ ကစားနိုင်သလို လိုအပ်ရင် တောင်ပံ ထွက်
ကစားနိုင်သူပါ။ ဒါ့အပြင် ဘယ်စွန် ရော ညာစွန်မှာရော ကစားနိုင်တဲ့
မောင်မောင်လွင် ကိုပါ ရွေးချယ်ထားတဲ့ အတွက် ကွင်းလယ်လူစာရင်းဟာ လုံလောက်တယ်
လို့ ဆိုရမှာပါ။
-
...ရှေ့တန်း....
ရှေ့တန်း မှာတော့
ကျော်ကိုကို ကို ပင်တိုင်ထား ဖို့ရှိပါတယ်။ အချို့ ပရိတ်သတ်တွေ ကျော်ကိုကို
ကို ရွေးချယ်ခဲ့တာ ဝေဖန်ကြပေမဲ့ လက်ရှိ မြန်မာတိုက်စ်စ်မှူးတွေထဲ မှာတော့
skill ကောင်းကောင်း နဲ့ တွန်းတွန်း တိုက်တိုက်ကစားနိုင်သူ ပါ။ နေရာ
ယူတဲ့နေရာမှာ လည်း တော်ပါတယ်။ တစ်ကိုယ်ကောင်း ဆန်မှုတွေ ကိုသာ မလုပ်ခဲ့ရင်
မလိုအပ်ဘဲ skill မပြဘူးဆိုရင် ကျော်ကိုကို ဟာ တိုက်စစ်မှုး
ကောင်းတစ်ယောက်ပါ။ အရန်အဖြစ် ယူ၂၀တိုက်စစ်မှူး သန်းပိုင် ယူ၂၃ အသင်း
တိုက်စစ်မှူး ရှိုင်းသူရ တို့ပါ ရွေးချယ်ထားပါတယ်။ သန်းပိုင် ကတော့
တိုးအားပြေးအားတွေ ကောင်းပေမဲ့ ကြံ့ခိုင်မှု နဲ့ skill ပိုင်းမှာတော့
လက်ရွေးစင်ဖြစ်ဖို့ လိုပါသေးတယ်။ အရပ် အမောင်းကောင်းတာကာတော့ သူ့ရဲ့
အားသာချက်ပါ။ ရှိုင်းသူရ ကတော့ skill အတန် အသင့်ရှိ ပေမဲ့ ကြံ့ခိုင်မှု
အပိုင်း မှာ လို အပ်ချက်တွေရှိ ပါသေးတယ်။ အရေးကြီးတဲ့ အချိန်တွေ မှာ သူ့ဆီက
ဘောလုံး ဆုံးရှုံး မှု တွေ များပြီး အကျင်းထဲ အကျပ်ထဲ မှာ
မရုန်းနိုင်တော့ပါဘူး။ မိုဗစ်အနေနဲ့ မကွေးအသင်းမှာ ခြေစွမ်းပြ
ဂိုးသွင်းနေတဲ့ စိုးမင်းနိုင် နဲ့ ရခိုင် အသင်းမှာ ခြေစွမ်းပြနေတဲ့
ပြည်မိုး တို့ကို ချန်လှပ်ထားခဲ့ တာ ဘာကြောင့်လဲ ဆိုတာ မေးခွန်းထုတ်စရာပါ။
-
....မိုဗစ်ခ်ျ.. .
မိုဗစ်ခ်ျ ရွေးချယ်ထားတဲ့ လက်ရှိလူစာရင်း အရ ဘယ်လိုကစားကွက်မျိုးကို
ခင်းကျင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါဘဲ။ သူ့ရဲ့ပင်တိုင် ကစားကွက်ကတော့ 4-4-2
ပါ။ စင်္ကာပူ တုံးကရော ယခု လက်ရှိ မြန်မာမှာရော 4-4-2 ကို အခြေခံ
သုံးခဲ့ပါတယ်။ ယခု အထိ သူကိုင်တွယ်ခဲ့တဲ့ မြန်မာပွဲ စဉ်အများစု ဟာ 4-4-2
ကို အသုံးပြုခဲ့တယ်။ ခံစစ်ထက် တိုက်စစ်ကို အားသန်တဲ့ နည်းပြမျိုးပါ။ လက်ရှိ
လူစာရင်းမှာ လည်း တိုက်စစ်ကစားသမား အများစုကို ရွေးချယ်ထားတာတွေ့ရပါတယ်။
ဒါအပြင် ဘယ်လိုကစားကွက် ဘဲ သုံးသုံး အားလုံးဟာ အံဝင်အောင်
ကစားနိုင်သူတွေ ဖြစ်တာမို့ မိုဗစ်ခ်ျ အနေနဲ့ ကြိုက်တဲ့ ကစားကွက်ကို
ခင်းကျင်း နိုင်ပါတယ်။ လက်ထောက်နည်းပြ ဦးကြည်လွင် ကတော့ ခံစစ် အသားပေး
နည်းပြမျိုးပါ။ပြီးတော့ လူစာရင်းမှာလည်း သူနဲ့ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်း
အများစု ပါဝင်လာခဲ့တာကြောင့် ကစားသမားတွေ အကြောင်းကောင်းကောင်း သိနေသူပါ။
ဒါကြောင့် မိုဗစ်ခ်ျ အတွက် အထောက်အကူပြု နိုင်မဲ့ နည်းပြမျိုးဖြစ်မှာပါ။
မိုဗစ်ခ်ျ ခေါင်းခဲ စရာတစ်ခုကတော့ အသင်းကို ဦးဆောင်နိုင်မဲ့
အသင်းခေါင်းဆောင် နေရာ ဘယ်ကစားသမား ကို ခန့်အပ်ရမလဲ ဆိုတာပါ။ အရင်က
အသင်းခေါင်းဆောင် ခင်မောင်လွင် ချန်လှပ်ထားခဲ့တဲ့
အတွက်အသင်းခေါင်းဆောင်နေရာ လစ်လှပ်နေပါတယ်။ ၀ါရင့်ကစားသမား ဆိုလို့
ကျော်ကိုကို ဇော်မင်းထွန်း ရန်အောင်ကျော် ကြည်လင်း တို့ ၄ ယောက်ဘဲ
ပြန်ပါလာတဲ့အတွက် အဲဒီ ၄ယောက်ထဲ က တစ်ယောက်ယောက် ကို အသင်းခေါင်းဆောင်
ခန့်အပ်ဖို့ များပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် လာမဲ့ ကမ္ဘာ့ဖလား
ခြေစစ်ပွဲမှာ ကစားသမားအသစ် ကစားကွက် အသစ်တွေ မြင်တွေရမှာ
အသေချာပါဘဲ။ရလာဒ်ကောင်းရယူ နိုင်ဖို့လည်း မျော်လင့်ပါတယ်။အပြောင်းလဲ တစ်ခု
အတွက် ပရိတ်သတ်တစ်ယောက် အနေနဲ့ ၀မ်းသာပါတယ်။ ကစားသမားတွေကလည်း ကိုယ့်ရဲ့
ကျရာနေရာမှာ တာဝန်ကျေကျေ ကစားရင်း နိုင်ငံကိုကိုယ်စားပြု နိုင်တဲ့
ကစားသမားတွေ ဖြစ်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော်တို့ က လည်း
အသင်းရဲ့ ၁၂ယောက်မြောက် ကစားသမားဖြစ်တဲ့ ပရိတ်သတ်နေရာက အားပေးဖို့
အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါကြာင်း ...........
Myanmar Football TV
Tuesday, August 18, 2015
#Save Myanmar Football Charity ပွဲ
စက်တင်ဘာလ ၇ ရက်နေ့ ကျင်းပမည့် မြန်မာ့လက်ရွေးစင်အသင်း နှင့်
နယူးဇီလန်အသင်း ခြေစမ်းပွဲကို ရေဘေးအလှုရံပုံငွေပွဲအဖြစ် ကျင်းပမည်ဟု
သိရသည်။
ရရှိလာသော ကွင်းဝင်ကြေးများအပြင် အခြားလှုဒါန်းမှုများပါ ပြုလုပ်သွားရန် စီစဉ်နေပြီး မြန်မာဘောလုံးပရိသတ်အနေဖြင့် ဘောလုံးပွဲ လက်မှတ်ဝယ်ယူကြည့်ရှုယုံဖြင့် ရေဘေးသင့်ပြည်သူများကို ကူညီနိုင်မည် ဖြစ်သည်။
ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ရေး၊ အနုပညာများ၏ ဖျော်ဖြေမှုများလည်း ပါဝင်ရန် ရှိကြောင်း သိရသည်။
ရရှိလာသော ကွင်းဝင်ကြေးများအပြင် အခြားလှုဒါန်းမှုများပါ ပြုလုပ်သွားရန် စီစဉ်နေပြီး မြန်မာဘောလုံးပရိသတ်အနေဖြင့် ဘောလုံးပွဲ လက်မှတ်ဝယ်ယူကြည့်ရှုယုံဖြင့် ရေဘေးသင့်ပြည်သူများကို ကူညီနိုင်မည် ဖြစ်သည်။
ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ရေး၊ အနုပညာများ၏ ဖျော်ဖြေမှုများလည်း ပါဝင်ရန် ရှိကြောင်း သိရသည်။
မြန်မာဘောလုံးပရိသတ်ကြီး ကွင်းလုံးပြည့်လာရောက် အားပေးကြမည်ဟု မြန်မာဘောလုံးချစ်မြတ်နိုးသူများအဖွဲ့ မှ ယုံကြည်သည်။
AFF Award များ မြန်မာမှ မျှော်လင့်ခွင့်ရှိ
မြန်မာဘောလုံးချစ်မြတ်နိုးသူများအက်ဒမင်အဖွဲ့  AFF Awards Night 2015 ပွဲ တက်ရောက်မည်။
----------
မြန်မာဘောလုံးချစ်မြတ်နိုးသူများ အက်ဒမင်အဖွဲ့ သည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၏ ဖိတ်ကြားချက်အရ သြဂုတ်လ ၂၂ ရက်နေ့  ရန်ကုန်မြို့ တွင် ကျင်းပမည့် AFF Awards Night 2015 ကို တက်ရောက်မည် ဖြစ်သည်။
----------
မြန်မာဘောလုံးချစ်မြတ်နိုးသူများ အက်ဒမင်အဖွဲ့ သည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၏ ဖိတ်ကြားချက်အရ သြဂုတ်လ ၂၂ ရက်နေ့  ရန်ကုန်မြို့ တွင် ကျင်းပမည့် AFF Awards Night 2015 ကို တက်ရောက်မည် ဖြစ်သည်။
၂၀၁၃ ခုနှစ်က
စတင်ချီးမြှင့်သော AFF Awards သည် အာဆီယံဒေသတွင်း အကောင်းဆုံးနည်းပြ၊
အကောင်းဆုံးကစားသမား (ကျား)၊ အကောင်းဆုံးကစားသမား (မ)၊
အကောင်းဆုံးလူငယ်ကစားသမား၊ အကောင်းဆုံးအသင်း၊ အကောင်းဆုံးဘောလုံးအဖွဲ
့ချုပ် စသည်ဖြင့်ရွေးချယ် ချီးမြှင့်ခြင်းဖြစ်သည်။
ဆုအများစု ကို ထိုင်းအသင်းများနှင့် ထိုင်းကစားသမားများ ရရှိဖွယ် ရှိသော်လည်း ဖီဖာယူ၂၀ကမ္ဘာ့ ဖလားပြိုင်ပွဲအထိ တက်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည့် မြန်မာယူ၂၀အသင်း နည်းပြချုပ် ဂတ်ဇီစီ နှင့် ကစားသမားများ၊ အကောင်းဆုံးနည်းပြဆု နှင့် အကောင်းဆုံးလူငယ်ကစားသမားဆုများ ရရှိရန် မျှော်လင့်နိုင်သည့် အနေအထားတွင် ရှိနေသည်။
ပုံ။ AFF Awards Night 2015 တွင် ချီးမြှင့်မည့် ဆုစာရင်း
ဆုအများစု ကို ထိုင်းအသင်းများနှင့် ထိုင်းကစားသမားများ ရရှိဖွယ် ရှိသော်လည်း ဖီဖာယူ၂၀ကမ္ဘာ့ ဖလားပြိုင်ပွဲအထိ တက်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည့် မြန်မာယူ၂၀အသင်း နည်းပြချုပ် ဂတ်ဇီစီ နှင့် ကစားသမားများ၊ အကောင်းဆုံးနည်းပြဆု နှင့် အကောင်းဆုံးလူငယ်ကစားသမားဆုများ ရရှိရန် မျှော်လင့်နိုင်သည့် အနေအထားတွင် ရှိနေသည်။
ပုံ။ AFF Awards Night 2015 တွင် ချီးမြှင့်မည့် ဆုစာရင်း
Subscribe to:
Posts (Atom)