Tuesday, August 18, 2015

AFF Award များ မြန်မာမှ မျှော်လင့်ခွင့်ရှိ

မြန်မာဘောလုံးချစ်မြတ်နိုးသူများအက်ဒမင်အဖွဲ့  AFF Awards Night 2015 ပွဲ တက်ရောက်မည်။
----------
မြန်မာဘောလုံးချစ်မြတ်နိုးသူများ အက်ဒမင်အဖွဲ့ သည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၏ ဖိတ်ကြားချက်အရ သြဂုတ်လ ၂၂ ရက်နေ့  ရန်ကုန်မြို့ တွင် ကျင်းပမည့် AFF Awards Night 2015 ကို တက်ရောက်မည် ဖြစ်သည်။
၂၀၁၃ ခုနှစ်က စတင်ချီးမြှင့်သော AFF Awards သည် အာဆီယံဒေသတွင်း အကောင်းဆုံးနည်းပြ၊ အကောင်းဆုံးကစားသမား (ကျား)၊ အကောင်းဆုံးကစားသမား (မ)၊ အကောင်းဆုံးလူငယ်ကစားသမား၊ အကောင်းဆုံးအသင်း၊ အကောင်းဆုံးဘောလုံးအဖွဲ့ ချုပ် စသည်ဖြင့်ရွေးချယ် ချီးမြှင့်ခြင်းဖြစ်သည်။
ဆုအများစု ကို ထိုင်းအသင်းများနှင့် ထိုင်းကစားသမားများ ရရှိဖွယ် ရှိသော်လည်း ဖီဖာယူ၂၀ကမ္ဘာ့ ဖလားပြိုင်ပွဲအထိ တက်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည့် မြန်မာယူ၂၀အသင်း နည်းပြချုပ် ဂတ်ဇီစီ နှင့် ကစားသမားများ၊ အကောင်းဆုံးနည်းပြဆု နှင့် အကောင်းဆုံးလူငယ်ကစားသမားဆုများ ရရှိရန် မျှော်လင့်နိုင်သည့် အနေအထားတွင် ရှိနေသည်။
ပုံ။ AFF Awards Night 2015 တွင် ချီးမြှင့်မည့် ဆုစာရင်း

No comments:

Post a Comment