Tuesday, August 18, 2015

#Save Myanmar Football Charity ပွဲ

စက်တင်ဘာလ ၇ ရက်နေ့ ကျင်းပမည့် မြန်မာ့လက်ရွေးစင်အသင်း နှင့် နယူးဇီလန်အသင်း ခြေစမ်းပွဲကို ရေဘေးအလှုရံပုံငွေပွဲအဖြစ် ကျင်းပမည်ဟု သိရသည်။
ရရှိလာသော ကွင်းဝင်ကြေးများအပြင် အခြားလှုဒါန်းမှုများပါ ပြုလုပ်သွားရန် စီစဉ်နေပြီး မြန်မာဘောလုံးပရိသတ်အနေဖြင့် ဘောလုံးပွဲ လက်မှတ်ဝယ်ယူကြည့်ရှုယုံဖြင့် ရေဘေးသင့်ပြည်သူများကို ကူညီနိုင်မည် ဖြစ်သည်။
ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ရေး၊ အနုပညာများ၏ ဖျော်ဖြေမှုများလည်း ပါဝင်ရန် ရှိကြောင်း သိရသည်။
မြန်မာဘောလုံးပရိသတ်ကြီး ကွင်းလုံးပြည့်လာရောက် အားပေးကြမည်ဟု မြန်မာဘောလုံးချစ်မြတ်နိုးသူများအဖွဲ့ မှ ယုံကြည်သည်။

No comments:

Post a Comment